ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
ဆာလံ 91:6 - မြန်မာ့စံမီသမ္မာကျမ်း မှောင်ကြီးမည်းကြီးထဲ၌လှည့်လည်တတ်သော ကပ်ရောဂါကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ဖျက်ဆီးတတ်သော ဘေးဥပဒ်ကိုလည်းကောင်း ကြောက်ရွံ့ရလိမ့်မည်မဟုတ်။ Common Language Bible မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ ကြောက်လန့်ရလိမ့်မည်မဟုတ်။ Garrad Bible မှောင် အ ချိန် လှည့် လည် သော ကပ် ရော ဂါ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ဖျက် ဆီး သော ဘေး ဥ ပဒ် ကို လည်း ကောင်း၊ သင် ကြောက် ရ မည် မ ဟုတ်။ Judson Bible မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။ |
ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။