အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 86:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို အာရုံစိုက်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ ပ ဌ နာ ကို နား ညောင်း ၍ အ သ နား တော် ခံ သံ ကို ကြား နာ တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​စ​ကား​သံ​ကို မှတ်​တော်​မူ​ပါ။ ဘေး​ရောက်​သည်​ကာ​လ၊ ကိုယ်​တော်​ကို ခေါ်​ပါ​မည်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 86:6
5 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။


အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ဖြောင့်မတ်​သော​လျှောက်လဲချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော အကျွန်ုပ်​၏​နှုတ်​မှ​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။


အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဆုတောင်းသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သည်​ကို​လည်း လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။