ကိုယ်တော့်အစေအပါး၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အို ဘုရားရှင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
အို အ ရှင် ဘု ရား၊ ကိုယ် တော့် ကို စွဲ လမ်း သော ကျွန် တော် မျိုး ၏ အ သက် ဝိ ညာဉ် ကို၊ ရွှင် လန်း စေ တော် မူ ပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော ရွှင်မြူးခြင်းကို အကျွန်ုပ်အား ပြန်လည်ခံစားစေ၍ စေတနာထက်သန်သောဝိညာဉ်တော်ဖြင့် အကျွန်ုပ်ကို ထောက်မတော်မူပါ။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ကို ပျော်ရွှင်ဖွယ်ရာမြို့အဖြစ်၊ မြို့သားတို့ကို ဝမ်းမြောက်သောသူများအဖြစ် ငါဖန်ဆင်းသည်ဖြစ်၍ ငါဖန်ဆင်းသောအရာ၌ အစဉ်ထာဝရဝမ်းမြောက်ရွှင်လန်းကြလော့။