အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 86:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ဘုရားရှင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ဂုဏ်ပြုချီးမွမ်း​ပါ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အို အ ကျွန်ုပ်၏ အ ရှင် ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ တော် ကြီး လှ၍၊ အ သက် ကို မ ရ ဏာ့ နိုင် ငံ အောက် ဆုံး မှ ကယ် လွှတ် တော် မူ ခဲ့ သော ကြောင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 86:12
19 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​က လူထု​အပေါင်း​တို့​အား “​ယခု သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​”​ဟု မိန့်ဆို​လျှင် လူထု​တစ်ရပ်လုံး​က သူ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပြီး ထာဝရဘုရား​ရှေ့​၊ ရှင်ဘုရင်​ရှေ့​တွင် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။


ငါ​သည် အသက်ရှင်​နေ​သရွေ့ ထာဝရဘုရား​ထံသို့ သီချင်းဆို​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။


ငါ​သည် ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​၏​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို အစဉ်​မြွက်ဆို​မည်​။


အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။


အို အမြင့်ဆုံး​သော​အရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ရွှင်လန်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


ထို​နေ့ရက်​၌ သင်​က “​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ထွက်​တော်မူ​သော်လည်း အမျက်​တော်​ပြေ​၍ အကျွန်ုပ်​ကို​နှစ်သိမ့်​တော်မူ​ပါ​၏​။


သူ​တို့​သည် လမ်း​အတိုင်း ခရီးဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အရပ်​သို့​ရောက်လာ​သဖြင့် မှူးမတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အကျွန်ုပ်​ဗတ္တိဇံ​ခံ​ရန် တားဆီး​သည့်​အရာ​ရှိ​ပါ​သလော”​ဟု ဆို​၏။


ထို့ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်စေ၊ သောက်​သည်​ဖြစ်စေ၊ မည်သည့်​အမှု​ကို​ပြု​သည်​ဖြစ်စေ ခပ်သိမ်း​သော​အမှု​တို့​ကို ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ပြု​ကြ​လော့။


သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။


ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။


သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။