ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ဆာလံ 85:7 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်ကို အကျွန်ုပ်တို့အားပြ၍ ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်တို့အား ပေးသနားတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် ကို ပြ၍၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို သ နား တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်တို့အားကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော်မူပါ။ |
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ရှည်သောအသက်ဖြင့် သူ့ကိုပြည့်စုံကြွယ်ဝစေ၍ ငါ၏ကယ်တင်ခြင်းကို သူ့အားပြမည်။”
ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့အား သနားစုံမက်မည်။ သို့ဖြစ်၍ ထိုဘုရင်သည် သင်တို့ကို သနားစုံမက်၍ သင်တို့နေရင်းပြည်သို့ သင်တို့ကို ပြန်လာစေမည်’ဟု မိန့်တော်မူပြီ။