စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဆာလံ 85:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် မိမိပြည်တော်ကို နှစ်သက်တော်မူ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ယာကုပ်အမျိုးကို ပြန်လာစေတော်မူပြီ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ပြည် တော် ကို နှစ် သက်၍၊ သိမ်း သွား ခံ ရ သော ယာ ကုပ် အ မျိုး ကို ပြန် ရောက် စေ တော် မူ ပါ ပြီ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော်ကို စိတ်နှင့်တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။ |
စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောမိမိလူမျိုးတော်ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ ယာကုပ်သည်ရွှင်လန်းပါစေ။ အစ္စရေးသည်ဝမ်းမြောက်ပါစေ။
သမင်ဒရယ်သည် ရေစီးသောချောင်းတို့ကိုတောင့်တသကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏ဘုရား။
ဘုရားရှင်သည် အစဉ်အမြဲငြင်းပယ်တော်မူမည်လော။ ကိုယ်တော်သည် နောက်တစ်ဖန်ထပ်၍ ကျေးဇူးမပြုဘဲ နေတော်မူမည်လော။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
ထိုအခါ ထာဝရဘုရားသည် မိမိပြည်တော်အဖို့ စိတ်အားထက်သန်၍ မိမိ၏လူမျိုးတော်ကို ညှာတာတော်မူမည်။
ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသောယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို ငါပြန်လာစေသော ထိုကာလ၊ ထိုအချိန်တွင်
ငါသည် ယာကုပ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တို့ကို ငါအောက်မေ့မည်။ သူတို့၏ပြည်ကိုလည်း ငါအောက်မေ့မည်။
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။