ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ဆာလံ 84:8 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ စူးစိုက်နားထောင်တော်မူပါ။(စေလာ) Common Language Bible အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ နားထောင်တော်မူပါ။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ ကျွန်ုပ် ပ ဌ နာ ကို နာ ခံ တော် မူ ပါ။ ယာ ကုပ်၏ ဘု ရား သ ခင်၊ နား ညောင်း တော် မူ ပါ။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ နားထောင်တော်မူပါ။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။(စေလာ)
ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။