သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
ဆာလံ 83:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က “ဘုရားသခင်ပိုင်သောစားကျက်များကို ငါတို့အတွက်သိမ်းယူကြကုန်စို့”ဟု ဆိုကြပါ၏။ Common Language Bible ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။ Judson Bible ဤသူတို့၏မှူးမတ်များကိုလည်းကောင်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကိုလည်းကောင်း ဖြစ်စေတော်မူပါ။ |
သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
သူတို့က “လာကြ၊ အစ္စရေးဟူသောအမည်နာမကို နောက်တစ်ဖန် အောက်မေ့စရာအကြောင်းမရှိစေရန် သူတို့ကို လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ကြကုန်စို့”ဟု ဆိုကြပါ၏။
သူတို့သည် မိဒျန်လူမျိုးတို့၏အကြီးအကဲနှစ်ဦးဖြစ်သည့် ဩရဘနှင့်ဇေဘကိုဖမ်းဆီးကြ၏။ ဩရဘကို ဩရဘကျောက်ဆောင်၌ သတ်၍ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်း၌ သတ်ပြီးလျှင် မိဒျန်လူမျိုးတို့နောက်သို့လိုက်ကြ၏။ ဩရဘနှင့် ဇေဘတို့၏ဦးခေါင်းကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဂိဒေါင်ထံသို့ယူဆောင်လာကြ၏။
ဇေဘဟနှင့်ဇာလမုန္နတို့က “သင်ကိုယ်တိုင်ထ၍ ငါတို့ကိုသတ်လော့။ ယောက်ျားမှန်လျှင် သတ္တိရှိရမည်”ဟု ဆိုလေ၏။ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့်ဇာလမုန္နကိုသတ်ပြီးလျှင် သူတို့ကုလားအုတ်၏လည်ပင်း၌ ဆင်ထားသောတန်ဆာများကို ချွတ်ယူလေ၏။