ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
ဆာလံ 82:4 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်၍ လွတ်မြောက်စေကြလော့။” Common Language Bible သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။ Garrad Bible အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို ဆယ် ယူ၍၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် ခြင်း ပြု ကြ လော့။ Judson Bible ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏လက်မှ ကယ်နုတ်ကြလော့။ |
ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
ထာဝရဘုရားက တရားမျှတစွာ၊ ဖြောင့်မတ်စွာပြုကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သူ၏လက်မှကယ်နုတ်လော့။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ကို နိုင်ထက်စီးနင်းမပြုနှင့်။ အကြမ်းမဖက်နှင့်။ ဤအရပ်၌ အပြစ်မဲ့သောသူကို မသတ်နှင့်။