ကိုယ်တော်သည် အကျွန်ုပ်တို့ကို အိမ်နီးချင်းတို့အတွက် အငြင်းပွားစရာအကြောင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်တို့၏ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။
အ ကျွန်ုပ် တို့ ကို ရန် သူ တို့ လှောင် ပြောင် ရ သည့် တိုင် အောင်၊ ပြည် နီး ချင်း တို့ ရှေ့ ဘက် ပြိုင် ရန် အ ကြောင်း ဖြစ် စေ တော် မူ ပါ ပြီ။
အနီးအပါး၌နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
ယခု ငါ၏သခင်အဆီးရီးယားဘုရင်နှင့် လာ၍ညှိနှိုင်းလော့။ သင်၌ မြင်းစီးသူရဲ အလုံအလောက်ရှိလျှင် သင့်ကို မြင်းအကောင်နှစ်ထောင် ငါပေးမည်။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
သင့်အတွက် အစ္စရေးလူမျိုးသည် ပြက်ရယ်ပြုစရာ ဖြစ်သည်မဟုတ်လော။ သူ့အကြောင်းကို ခေါင်းတခါခါနှင့်ပြောလေ့ရှိသည်မှာ သူသည် သူခိုးတို့နှင့်အတူ အဖမ်းခံရဖူးသလော။
အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။
သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။