သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
ဆာလံ 78:17 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။ Common Language Bible သို့ရာတွင်သူတို့သည်ဘုရားသခင်အား ပြစ်မှားမြဲပြစ်မှားလျက် အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်ကို သဲကန္တာရတွင်ပုန်ကန်ကြ၏။ Garrad Bible ထို သူ တို့ မှာ မူ၊ မြင့် မြတ် သော ဘု ရား ကို၊ သဲ က န္တာ ရ တွင် ပုန် ကန် ခြင်း အား ဖြင့် ပြစ် မှား မြဲ ပြစ် မှား လျက်၊ Judson Bible ထိုသူတို့မူကား၊ အမြင့်ဆုံးသောဘုရားကို တော၌ပုန်ကန်သောအားဖြင့် တိုး၍ ပြစ်မှားကြ၏။ |
သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
ဟောရပ်တောင်၌လည်း သင်တို့သည် ထာဝရဘုရားကို အမျက်ထွက်စေသဖြင့် ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် အမျက်ထွက်တော်မူခဲ့၏။