ရှင်ဘုရင်က ‘ဟေဇကိ လှည့်စားသည်ကို သင်တို့မခံကြနှင့်။ သူသည် သင်တို့ကို ငါ့လက်မှ မကယ်နုတ်နိုင်။
ဆာလံ 73:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပြက်ရယ်ပြု၍ ဆိုးညစ်စွာပြောဆိုတတ်ကြ၏။ ထောင်လွှားသောစိတ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို ပြောဆိုတတ်ကြ၏။ Common Language Bible သူတို့သည်သူတစ်ပါးတို့အားပြက်ရယ် ပြုကာ ညစ်ညမ်းသည့်အရာများကိုပြောဆိုကြ၏။ မောက်မာလျက်သူတစ်ပါးတို့အားနှိပ်စက် ညှဉ်းဆဲရန်ကြံစည်ကြ၏။ Garrad Bible ပြက် ရယ် ပြုံး လျက်၊ ဆိုး သွမ်း သော ညှဉ်း ပန်း ခြင်း အ ကြောင်း ကိုလည်း ကောင်း၊ ထောင် လွှား သော စ ကား ကို လည်း ကောင်း၊ ပြော ဆို တတ် ကြ ၏။ Judson Bible ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ |
ရှင်ဘုရင်က ‘ဟေဇကိ လှည့်စားသည်ကို သင်တို့မခံကြနှင့်။ သူသည် သင်တို့ကို ငါ့လက်မှ မကယ်နုတ်နိုင်။
ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။