ရေသည်မြင့်တက်လာ၍ မြေကြီးပေါ်မှာ အလွန်တိုးလာသဖြင့် သင်္ဘောသည် ရေမျက်နှာပြင်ပေါ်၌ မျောလျက်နေလေ၏။
ဆာလံ 69:15 - မြန်မာ့စံမီသမ္မာကျမ်း ရေလှိုင်းလုံးကြီးသည် အကျွန်ုပ်ကိုမလွှမ်းမိုးပါစေနှင့်။ နက်သောရေသည်လည်း အကျွန်ုပ်ကိုမမျိုပါစေနှင့်။ တွင်းဝသည်လည်း အကျွန်ုပ်အပေါ်၌ ပိတ်မထားပါစေနှင့်။ Common Language Bible ကျွန်တော်မျိုးအားရေလွှမ်းမိုးစေတော်မမူပါနှင့်။ ရေနက်ရာတွင်နစ်မြုပ်စေတော်မမူပါနှင့်။ သင်္ချိုင်းတွင်းသို့သက်ဆင်းစေတော်မမူ ပါနှင့်။ Garrad Bible ရေ အ လျဉ် လွှမ်း မိုး ခွင့်၊ ဗွက် အိုင် နစ် မြုပ် ခွင့်၊ ချောက် တွင်း မျို စား ခွင့် ရ စေ တော် မ မူ ပါ လင့်။ Judson Bible ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ |
ရေသည်မြင့်တက်လာ၍ မြေကြီးပေါ်မှာ အလွန်တိုးလာသဖြင့် သင်္ဘောသည် ရေမျက်နှာပြင်ပေါ်၌ မျောလျက်နေလေ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။