တိုင်းနိုင်ငံအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအပေါင်းတို့၊ ကိုယ်တော်ကိုထောမနာပြုကြလော့။
ဆာလံ 66:4 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်၍ သီဆိုချီးမွမ်းကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြပါလိမ့်မည်”ဟု ဘုရားသခင်အား လျှောက်ကြလော့။(စေလာ) Common Language Bible ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် ကိုယ်တော်ရှင်ကိုရှိခိုးဝတ်ပြုကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြု ကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်အား ထောမနာသီချင်းဆိုကြပါ၏'' ဟု ဘုရားသခင်အားလျှောက်ထားကြလော့။ Judson Bible မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။ |
တိုင်းနိုင်ငံအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအပေါင်းတို့၊ ကိုယ်တော်ကိုထောမနာပြုကြလော့။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။