အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 61:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှင်ဘုရင်​၏​နေ့ရက်​များ​ကို ထပ်၍​တိုးပေး​တော်မူ​ပါ​။ သူ​၏​နှစ်ကာလ​တို့​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

မင်း​ကြီး​အား​သက်​တော်​ရာ​ကျော်​ရှည်​စေ တော်​မူ​ပါ။ ကာ​လ​အ​စဉ်​အ​ဆက်​သက်​တော်​ရှည်​စေ​တော် မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရင် မင်း အား တစ် နေ့၊ နောက် တစ် နေ့ ထပ် ဆင့် လျက်၊ နှစ် ပေါင်း ကို လည်း လူ မျိုး အ ဆက် ဆက် ရှည် စေ တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

ရှင်​ဘု​ရင်၏ အ​သက်​နေ့​ရက်​ကာ​လ​ကို ရှည်​စေ​တော်​မူ၍၊ နှစ်​စဉ်​မ​ပြတ် နိ​စ္စ​ထာ​ဝ​ရ​တည်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။



ဆာ​လံ 61:6
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် ငါ​ခွဲဝေ​ရရှိ​ထား​သော​ငါ​၏​ဝေစု​၊ ငါ​၏​ခွက်ဖလား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ရရှိ​မည့်​အမွေဝေစု​ကို ထိန်းသိမ်း​ပေး​ထား​တော်မူ​၏​။


ငါ့​အတွက်​သတ်မှတ်​ထား​သော​နယ်မြေ​သည် နှစ်လို​ဖွယ်​ကောင်း​သော​အရပ်​တို့​၌ ကျ​လေ​ပြီ​။ အမှန်ပင် သာယာ​ကြည်နူး​ဖွယ်​ကောင်း​သော အမွေ​ကို ငါ​ခံရ​လေ​ပြီ​။


သူ​သည် ကိုယ်တော့်​ထံမှ အသက်ရှင်​ခြင်း​ကို​တောင်းလျှောက်​ရာ ကိုယ်တော်​သည် ကာလအစဉ်​အသက်တာ​ရှည်​ခြင်း​ကို သူ့​အား​ပေး​တော်မူ​၏​။


ကိုယ်တော်​သည် သူ့​အား ကောင်းချီးမင်္ဂလာ​များ​ကို ထာဝစဉ်​ချပေး​၍ ရှေ့​တော်​မှ​ဝမ်းမြောက်​ခြင်း​ဖြင့် သူ့​ကို​ဝမ်းသာအားရ​ဖြစ်​စေ​တော်မူ​၏​။


ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။