သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
ဆာလံ 55:11 - မြန်မာ့စံမီသမ္မာကျမ်း ယုတ်မာစဉ်းလဲမှုသည် ထိုမြို့ထဲ၌ရှိ၍ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်လိမ်လည်လှည့်ဖြားခြင်းသည် ထိုမြို့၏လမ်းမပေါ်မှ မည်သည့်အခါမျှ ထွက်ခွာလိမ့်မည်မဟုတ်ပါ။ Common Language Bible နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။ လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။ Garrad Bible ဆိုး ယုတ် ခြင်း သည် မြို့ လယ်၌ ရှိ၍၊ ညှဉ်း ပန်း ခြင်း နှင့် လှည့် စား ခြင်း သည်၊ လမ်း များ ၌ မ ပြတ် မ စဲ ပါ။ Judson Bible အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏။ |
သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။