သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
ဆာလံ 50:19 - မြန်မာ့စံမီသမ္မာကျမ်း သင်၏နှုတ်ကို မကောင်းမှုအတွက်အသုံးပြုပြီး သင်၏လျှာကို လိမ်လည်လှည့်ဖြားမှု၌ မှီဝဲဆည်းကပ်စေ၏။ Common Language Bible ``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။ Garrad Bible နှုတ် ကို ဒု စ ရိုက်၌ သွင်း၍၊ လျှာ ဖြင့် လိမ် လည် ခြင်း ကို စီ မံ တတ် ၏။ Judson Bible သင်၏နှုတ်ကိုဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာဖြင့် မုသားကို စီရင်တတ်၏။ |
သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
အမှန်စင်စစ် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူသည် ရန်သူမဟုတ်။ ဟုတ်လျှင် ငါခံနိုင်ခဲ့ပေလိမ့်မည်။ ငါ့တစ်ဖက်၌ မိမိကိုယ်ကိုချီးမြှောက်သောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် သူမမြင်အောင် ငါပုန်းရှောင်ခဲ့ပေလိမ့်မည်။
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။