“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ဆာလံ 49:17 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသေဆုံးသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည်မဟုတ်။ သူ၏ဘုန်းအသရေသည် သူ့နောက်လိုက်ပါဆင်းသွားလိမ့်မည်မဟုတ်။ Common Language Bible သူသည်သေသောအခါထိုစည်းစိမ်ဥစ္စာကို ယူ၍မသွားနိုင်။ ယင်းစည်းစိမ်ဥစ္စာသည်သူနှင့်အတူသင်္ချိုင်း တွင်းသို့ လိုက်ပါသွားနိုင်လိမ့်မည်မဟုတ်။ Garrad Bible သေ သော အ ခါ ဥ စ္စာ ပါ သွား ခွင့်၊ စည်း စိမ် လိုက် ဆင်း ခွင့် မ ရ ချေ။ Judson Bible ထိုသူသည် သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်းသက်ရ။ |
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
သူသည် သူဌေးကဲ့သို့ အိပ်ရသော်လည်း ထိုအဖြစ်မျိုး နောက်ထပ်ရှိတော့မည်မဟုတ်။ မျက်စိဖွင့်ကြည့်သောအခါ ဘာမျှရှိတော့မည်မဟုတ်။
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
သူသည် အမိဝမ်းထဲမှ အဝတ်မပါအချည်းစည်းထွက်လာသည့်နည်းတူ ပြန်သည့်အခါ၌လည်း မိမိလာသည့်အတိုင်း ပြန်သွားရမည်။ မိမိ၏လက်တွင် မိမိကြိုးပမ်းအားထုတ်မှုထဲမှ ဘာမျှမယူဆောင်ဘဲသွားရမည်။
စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ထိုအခါ သူက ‘အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနားပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသောကြောင့် လာဇရုသည် သူ၏လက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်၏လျှာကိုအေးစေဖို့ရန် သူ့ကိုစေလွှတ်ပေးပါ’ဟု အော်ဟစ်ပြောဆိုလေ၏။
အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ မည်သည့်အရာကိုမျှ မယူလာသကဲ့သို့ မည်သည့်အရာကိုမျှလည်း ယူသွားနိုင်ကြမည်မဟုတ်။