အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
ဆာလံ 44:24 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာလွှဲတော်မူပါသနည်း။ အကျွန်ုပ်တို့ခံစားရသော ဖိစီးနှိပ်စက်မှုနှင့်ညှဉ်းပန်းမှုကို အဘယ်ကြောင့် မေ့လျော့တော်မူပါသနည်း။ Common Language Bible ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။ Garrad Bible အ ဘယ့် ကြောင့် မျက် နှာ တော် လွှဲ လျက်၊ အ ကျွန်ုပ် တို့ ခံ ရ သော ညှဉ်း ပန်း နှိပ် စက် ခြင်း ကို မေ့ လျော့ တော် မူ ပါ သ နည်း။ Judson Bible အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ |
အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။
ကိုယ်တော့်ချိုးငှက်၏အသက်ကို သားရဲတိရစ္ဆာန်အား ပေးတော်မမူပါနှင့်။ ကိုယ်တော်၏အဖိနှိပ်ခံရသောလူတို့၏အသက်ကို အစဉ်မေ့လျော့တော်မမူပါနှင့်။
ကိုယ်တော့်ရန်သူတို့၏အသံတည်းဟူသော ကိုယ်တော်တစ်ဖက်၌ထကြွသောသူတို့ထံမှ အစဉ်မပြတ်ထွက်ပေါ်လာသည့် အုတ်အုတ်ကျက်ကျက်အသံကို မေ့လျော့တော်မမူပါနှင့်။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
‘သူတို့ကို ငါမျက်နှာလွှဲမည်။ သူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။ သူတို့သည် ဖောက်ပြန်တတ်သောမျိုးဆက်၊ သစ္စာမရှိသောသားသမီးများ ဖြစ်ကြ၏။