ဆာလံ 40:12 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။
အခန်းကိုကြည့်ပါ။
ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
အခန်းကိုကြည့်ပါ။
မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။
အခန်းကိုကြည့်ပါ။
အကြောင်းမူကား၊ အတိုင်းမသိ များစွာသောဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကိုမီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက် များပြားသည်ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
အခန်းကိုကြည့်ပါ။