“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ဆာလံ 34:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ဂုဏ်ယူဝါကြွားမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ဝမ်းမြောက်ကြပါစေသော။ Common Language Bible ငါသည်ကိုယ်တော်ပြုတော်မူသော အမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။ အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။ Garrad Bible ငါ့ စိတ် သည် ထာ ဝ ရ ဘု ရား ၌ ဂုဏ် ရောက် သ ဖြင့်၊ စိတ် နှိမ့် ချ သူ တို့ ကြား သိ ၍ ဝမ်း မြောက် ရ ကြ မည်။ Judson Bible ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။ |
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားသည်ဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။
ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။
အကျွန်ုပ်တို့သည် ဘုရားသခင်၌ တစ်နေ့လုံးဂုဏ်ယူဝါကြွား၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါမည်။(စေလာ)
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဝါကြွားသောသူသည် ထာဝရဘုရား၌သာ ဝါကြွားစေ။”