အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
ဆာလံ 25:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အကျွန်ုပ်၏ခြေကို ပိုက်ကွန်ထဲမှ ထုတ်ပေးတော်မူမည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်ကိုအစဉ်မျှော်ကြည့်ပါ၏။ Common Language Bible ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။ Garrad Bible ငါ့ ခြေ များ ကို ပိုက် ထဲ မှ နုတ် ယူ တော် မူ မည့် ထာ ဝ ရ ဘု ရား အား၊ အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု လျက် နေ ၏။ Judson Bible အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက်နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နုတ်ယူတော်မူမည်။ |
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။
သို့သော် အို ဘုရားရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုမျှော်ကြည့်ပါ၏။ ကိုယ်တော်ကိုခိုလှုံပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ခိုကိုးရာမဲ့ဖြစ်စေတော်မမူပါနှင့်။
ကိုယ်တော်သည် အကျွန်ုပ်၏ မှီခိုရာဖြစ်တော်မူသောကြောင့် အကျွန်ုပ်အတွက် လျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်ထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူ၏။
‘ငါ့လူမျိုးတော်တွင် ဆိုးယုတ်သောသူများကို တွေ့ရ၏။ သူတို့သည် ဝပ်လျက်ချောင်းမြောင်းနေသောငှက်မုဆိုးကဲ့သို့ ချောင်းမြောင်းတတ်ကြ၏။ လူတို့ကိုဖမ်းဆီးရန် ထောင်ချောက်ဆင်တတ်ကြ၏။