ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ဆာလံ 24:8 - မြန်မာ့စံမီသမ္မာကျမ်း ဘုန်းကြီးသောဘုရင်ကား မည်သူနည်း။ အင်အားကြီးမား၍ တန်ခိုးကြီးသောထာဝရဘုရား၊ စစ်မက်၌တန်ခိုးကြီးသောထာဝရဘုရားဖြစ်တော်မူ၏။ Common Language Bible ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ ထိုအရှင်ကားတန်ခိုးစွမ်းရည်ရှိတော်မူသော ထာဝရဘုရား၊ စစ်ပွဲတွင်အောင်မြင်တော်မူသော ထာဝရဘုရားပေတည်း။ Garrad Bible ဘုန်း ကြီး တော် မူ သော ဘု ရင် ကား၊ မည် သူ ပါ နည်း။ စွမ်း အား တန် ခိုး နှင့် ပြည် စုံ တော် မူ သော ထာ ဝ ရ ဘု ရား၊ စစ် မှု ၌ တန် ခိုး ကြီး တော် မူ သော ထာ ဝ ရ ဘု ရား ပေ တည်း။ Judson Bible ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ |
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
ထိုအခါ ငါကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူ၌ လေးတစ်လက်ပါ၏။ သူသည် သရဖူတစ်ခုကိုရရှိပြီး အောင်မြင်ခြင်းအပေါ်၌ ဆက်၍အောင်မြင်ရန် ထွက်ခွာသွား၏။