ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
စစ် ပြိုင် နိုင် ရန် ခွန် အား ကို၊ အ ကျွန်ုပ်၌ ကိုယ် တော် စည်း ပေး တော် မူ လျက်၊ အ ကျွန်ုပ် အောက် ထ ကြွ သူ တို့ ကို နှိမ့် နင်း တော် မူ ပါ ၏။
အကြောင်းမူကား၊ စစ်တိုက်ခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
“သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်မဟုတ်လော။ သင့်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းစေသည်မဟုတ်လော။ ထာဝရဘုရားရှေ့၊ လူမျိုးတော်တို့ရှေ့တွင် ဤပြည်ကို နှိမ်နင်းအောင်နိုင်၍ ပြည်သူပြည်သားအပေါင်းတို့ကို ငါ့လက်သို့ အပ်တော်မူပြီ။
ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကိုသေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။
ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။
အရာခပ်သိမ်းတို့ကိုလည်း ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ ကိုယ်တော်ကို အရာခပ်သိမ်းတို့အပေါ် ဦးခေါင်းဖြစ်စေပြီး အသင်းတော်အားပေးတော်မူ၏။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။