ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ဆာလံ 18:30 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူ ရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ Common Language Bible ဤဘုရားပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံလင်ပေ၏။ ကိုယ်တော်၏စကားတော်တို့သည်လည်း ယုံကြည်စိတ်ချထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိထံတွင်ခိုလှုံသူ အပေါင်းတို့အတွက်ဒိုင်းလွှားသဖွယ်ဖြစ် တော်မူ၏။ Garrad Bible ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။ Judson Bible ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာဖြစ်တော်မူ၏။ |
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ကိုယ်တော်၏မိန့်တော်မူချက်သည် အလွန်ခိုင်လုံမှန်ကန်သည်ဖြစ်၍ ကိုယ်တော်၏အစေအပါးသည် ၎င်းကိုမြတ်နိုးပါ၏။
ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
လက်ယာလက်တော်၌ခိုလှုံသောသူတို့ကို သူတို့တစ်ဖက်၌ထကြွသောသူများလက်မှ ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာများကို အံ့ဩဖွယ်ပြသတော်မူပါ။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
ထာဝရဘုရား၏လမ်းစဉ်ရှိသမျှတို့သည် ကိုယ်တော်၏ပဋိညာဉ်တော်နှင့်သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသောသူတို့အတွက် မေတ္တာကရုဏာနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။