အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
ဆာလံ 18:29 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။ Common Language Bible ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊ သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်တော်မျိုးအားပေးတော်မူပါ၏။ Garrad Bible အ ကျွန်ုပ် သည် ကိုယ် တော့် အား ဖြင့် တပ် ကို ဝင် စီး ခြင်း၊ ကိုယ့် ဘု ရား သ ခင် အား ဖြင့် မြို့ ရိုး ကို ခုန် လွှား ခြင်း ပြု နိုင် ပါ၏။ Judson Bible အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။ |
အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိလူမျိုးတို့ကို ဂေဗမြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ငါ၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်သည် ငါ၏လက်ကို စစ်မက်အတွက်လည်းကောင်း၊ ငါ၏လက်ချောင်းများကို တိုက်ပွဲအတွက်လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
ဒါဝိဒ်သည် အိတ်ထဲမှ ကျောက်တစ်လုံးကို နှိုက်ယူပြီး လွှဲပစ်လိုက်ရာ ဖိလိတ္တိပြည်သား၏နဖူးကို ထိမှန်၍ နဖူးပေါက်သွားသဖြင့် ထိုသူသည် မြေပေါ်သို့ မှောက်လျက်လဲကျသွားလေ၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဓားပြတို့နောက်သို့ လိုက်ရပါမည်လော။ သူတို့ကို မီနိုင်ပါမည်လော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “လိုက်လော့။ အမှန်ပင်မီလိမ့်မည်။ လူတို့ကို အမှန်ပင်ကယ်တင်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။