အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ဆာလံ 16:8 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။ Common Language Bible ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။ Garrad Bible ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။ Judson Bible ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊ |
အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ဘုရားရှင်သည် သင်၏လက်ယာဘက်တွင် ရှိတော်မူ၏။ ကိုယ်တော်သည် မိမိ၏အမျက်တော်နေ့၌ ရှင်ဘုရင်တို့ကို ချေမှုန်းတော်မူလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုစောင့်ရှောက်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသောအရိပ် ဖြစ်တော်မူ၏။
ထိုအတွေးအကြံတို့ကို ရေတွက်မည်ဆိုလျှင် သဲပွင့်များထက်မက များပြားကြပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်နှင့်အတူ ဆက်၍ရှိနေဦးမည်။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ရန်သူရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။ ကိုယ်တော်၏လက်ယာလက်တော်သည် ကိုယ်တော့်ကိုမုန်းသောသူတို့အပေါ် ကျရောက်လိမ့်မည်။
သင်တို့သည် မည်မျှကြာအောင် လူကိုပြင်းထန်စွာတိုက်ခိုက်ကြမည်နည်း။ သင်တို့အားလုံးသည် တိမ်းစောင်းနေသောနံရံနှင့် လှုပ်နဲ့နေသောခြံစည်းရိုးကဲ့သို့သောသူကို သတ်ဖြတ်ကြမည်လော။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
ဘုရားသခင်ထံတော်၌ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဘုန်းအသရေရှိ၏။ ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောကျောက်ဆောင်၊ ငါ၏ခိုလှုံရာဖြစ်တော်မူ၏။
သို့သော် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်ယာလက်ကို ကိုင်ထားတော်မူ၏။
အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။