အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ဆာလံ 146:1 - မြန်မာ့စံမီသမ္မာကျမ်း ဟာလေလုယ။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။ Common Language Bible ထာဝရဘုရားအားထောမနာပြုလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ Garrad Bible ဟာ လေ လု ယာ၊ အို ငါ့ ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း လော့။ Judson Bible အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။ |
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
အပြစ်သားတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပါစေသော။ ဆိုးယုတ်သောသူတို့သည်လည်း ဆက်၍မရှိကြပါစေနှင့်။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ဟာလေလုယ။
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။