တောရိုင်းတိရစ္ဆာန်အားလုံး၊ မိုးကောင်းကင်ငှက်အားလုံး၊ မြေပေါ်မှာတွားသွားသောသတ္တဝါအားလုံး စသည့် သက်ရှိသတ္တဝါတို့စားစရာအတွက်မူကား စိမ်းလန်းသောမြက်ပင်အမျိုးမျိုးတို့ကို ငါပေး၏”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ဆာလံ 145:15 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြပါ၏။ ကိုယ်တော်သည်လည်း အချိန်တန်လျှင် သူတို့အား အစားအစာကို ပေးတော်မူပါ၏။ Common Language Bible သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။ Garrad Bible ကိုယ် တော် ကို ခပ် သိမ်း သော သ တ္တ ဝါ တို့ သည် မျှော် ကြည့် သည့် အ လျောက်၊ အ ချိန် တန် သော် ကျွေး မွေး တော် မူ ပါ ၏။ Judson Bible ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍၊ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ |
တောရိုင်းတိရစ္ဆာန်အားလုံး၊ မိုးကောင်းကင်ငှက်အားလုံး၊ မြေပေါ်မှာတွားသွားသောသတ္တဝါအားလုံး စသည့် သက်ရှိသတ္တဝါတို့စားစရာအတွက်မူကား စိမ်းလန်းသောမြက်ပင်အမျိုးမျိုးတို့ကို ငါပေး၏”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက် ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် သူတို့ကိုအစာကျွေးတော်မူရန် ကိုယ်တော်ကို စောင့်မျှော်နေကြပါ၏။
ကိုယ်တော်သည် ခပ်သိမ်းသောသတ္တဝါတို့အား အစာကိုပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။
ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။
ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။