အကျွန်ုပ်အတွက် ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူသော အို ဘုရားရှင်ထာဝရဘုရား၊ စစ်တိုက်ရသောနေ့တွင် ကိုယ်တော်သည် အကျွန်ုပ်၏ဦးခေါင်းကို အုပ်မိုးကွယ်ကာပေးတော်မူ၏။
အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
အ ကျွန်ုပ် ကယ် တင် ရာ အ စွမ်း သ တ္တိ ဖြစ် တော် မူ သော အို ထာ ဝ ရ အ ရှင် ဘု ရား၊ စစ် တိုက် သော နေ့ ၌ အ ကျွန်ုပ် ဦး ခေါင်း ကို ကွယ် ကာ တော် မူ ပါ ပြီ။
အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ကယ်တင်ခြင်းအစွမ်းသတ္တိ ဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ်၏ဦးခေါင်းကို ဖုံးအုပ်တော်မူ၏။
ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
အကျွန်ုပ်၏အချိန်ကာလတို့သည် ကိုယ်တော်၏လက်တော်၌ရှိပါ၏။ အကျွန်ုပ်၏ရန်သူတို့နှင့် အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ဘုရားသခင်ထံတော်၌ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဘုန်းအသရေရှိ၏။ ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောကျောက်ဆောင်၊ ငါ၏ခိုလှုံရာဖြစ်တော်မူ၏။
သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ကယ်တင်ခြင်းကျောက်ဆောင် ဖြစ်တော်မူ၏’ဟု ငါ့ထံသို့ ဟစ်ခေါ်လိမ့်မည်။
လာကြ၊ ထာဝရဘုရားထံ ရွှင်လန်းစွာသီချင်းဆိုကြကုန်စို့။ ငါတို့၏ကယ်တင်ခြင်းကျောက်ဆောင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။