ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် သူ၏ဘုန်းအသရေသည် ကြီးမားလှပါ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို သူ့အားအပ်နှင်းတော်မူ၏။
ဆာလံ 138:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏လမ်းတော်တို့အကြောင်းကိုလည်း သီကျူးကြပါလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ဘုန်းအသရေတော်သည် ကြီးမားလှပါ၏။ Common Language Bible သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း သီချင်းဆိုကြပါလိမ့်မည်။ Garrad Bible ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ကြီး မြတ် သော ကြောင့်၊ နည်း လမ်း တော် များ ကို သီ ချင်း ဖွဲ့ ဆို ရ ကြ ပါ လိမ့် မည်။ Judson Bible ထာဝရဘုရား၏လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။ |
ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် သူ၏ဘုန်းအသရေသည် ကြီးမားလှပါ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို သူ့အားအပ်နှင်းတော်မူ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ကြည့်ရှုလော့။ ငါ့အစေအပါးတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား နာကျင်သောစိတ်နှင့် အော်ဟစ်ကြ၍ ကြေကွဲသောစိတ်နှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ဤသည်ကား ခရစ်တော်၌ ဦးစွာမျှော်လင့်ထားသောငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည့်အကြောင်းတည်း။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
ထို့နောက် ကောင်းကင်ရှိ များစွာသောလူထုပရိသတ်တို့၏ကျယ်လောင်သည့်အသံကဲ့သို့သောအသံကို ငါကြားရ၏။ သူတို့က “ဟာလေလုယာ။ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နှင့် တန်ခိုးတော်တို့သည် ငါတို့ဘုရားသခင်နှင့်ဆိုင်တော်မူ၏။
“အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။
“အာမင်။ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည် ငါတို့ဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော။ အာမင်”ဟု မြွက်ဆိုကြ၏။