အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
ဆာလံ 119:38 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုကြောက်ရွံ့ခြင်းရှိစေရန် ကိုယ်တော်၏ကတိတော်ကို ကိုယ်တော်၏အစေအပါး၌ ပြည့်စုံစေတော်မူပါ။ Common Language Bible ကိုယ်တော်ရှင်ကိုကြောက်ရွံ့ရိုသေသောသူတို့အား ထားတော်မူသည့်ကတိတော်ကိုကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအားခံစားစေတော်မူပါ။ Garrad Bible ကိုယ် တော် အား ခန့် ညား စေ သော ဗျာ ဒိတ် တော် ကို၊ ကျွန် တော် မျိုး ၌ အ တည် ပြု တော် မူ ပါ။ Judson Bible ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ |
အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။
ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကိုအသက်ရှင်စေသည်ဖြစ်၍ အကျွန်ုပ်ဖိစီးနှိပ်စက်မှုခံရစဉ်တွင် အကျွန်ုပ်အတွက်နှစ်သိမ့်စရာအကြောင်းဖြစ်ပါ၏။
ကိုယ်တော်၏အစေအပါးအပေါ်ထားရှိသော ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာသည် အကျွန်ုပ်ကို နှစ်သိမ့်ပေးပါစေသော။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။