အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
ဆာလံ 119:167 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ ၎င်းတို့ကို အကျွန်ုပ်အလွန်မြတ်နိုးပါ၏။ Common Language Bible ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးတော်မူသည့် ဆုံးမသွန်သင်ခက်တို့ကိုလိုက်နာပါ၏။ ယင်းတို့ကိုကွန်တော်မျိုးသည်အလွန် နှစ်သက်မြတ်နိုးပါ၏။ Garrad Bible သက် သေ ခံ တော် မူ ချက် များ ကို စိတ် ပါ ကိုယ် ရောက် စောင့် ရှောက်၍၊ အ လွန် နှစ် သက် ပါ၏။ Judson Bible သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။ |
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို မည်မျှမြတ်နိုးကြောင်း ကြည့်ရှုတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
“ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက်