ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ဆာလံ 119:138 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်ပေးတော်မူသော နည်းဥပဒေသတော်တို့သည်လုံးဝ တရားမှတ၍မှန်ကန်ပါ၏။ Garrad Bible ဖြောင့် မတ် ခြင်း နှင့် သ စ္စာ ထူး ကို ဆောင် လျက်၊ သက် သေ ခံ တော် မူ ချက် များ ကို၊ ထုတ် ဆင့် တော် မူ ပါ ပြီ။ Judson Bible ထားတော်မူသော သက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။ |
ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
ဤသည်ကား အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် သူတို့အား မောရှေဆင့်ဆိုသော သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ဖြစ်၏။
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။