ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
ဆာလံ 119:113 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။ Common Language Bible ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အပေ"၌ ဒွိဟသဘောရှိသူတို့ကိုမုန်းပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုမူကား နှစ်သက်မြတ်နိုးပါ၏။ Garrad Bible ဒွိ ဟ သ ဘော ရှိ သူ တို့ ကို မုန်း ထား၍၊ တ ရား တော် ကို နှစ် သက် ပါ၏။ Judson Bible အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။ |
ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
ဘုရားသခင်ကိုသိသောဉာဏ်ကို ဆန့်ကျင်တားဆီးသည့် စဉ်းစားဆင်ခြင်မှုနှင့်မာန်မာနရှိသမျှတို့ကိုဖြိုဖျက်၍ ခပ်သိမ်းသောတွေးတောကြံစည်မှုများကို ဖမ်းဆီးချုပ်နှောင်ကာ ခရစ်တော်အား နာခံစေကြ၏။
ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။