လိမ်လည်သောသက်သေသည် ပျက်စီးသွားလိမ့်မည်။ ကိုယ်တိုင်ကြားရသောသူမူကား အစဉ်ပြောဆိုနေလိမ့်မည်။
ဆာလံ 116:10 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် ဒုက္ခဝေဒနာများစွာခံစားရ၏”ဟု ပြောစဉ်ပင် ငါ၌ယုံကြည်ခြင်းရှိ၏။ Common Language Bible ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း ``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင် ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။ Garrad Bible စိတ် ဒု က္ခ ကြီး စွာ ရောက် လေ စွ ဟု ဆို သည့် ပြင်၊ လူ ခပ် သိမ်း သည် မု သာ အိုး များ ဖြစ် ကြောင်း၊ Judson Bible ငါသည် အလွန်ညှိုးငယ်ခြင်းကိုခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သောစိတ်ရှိသေး၏။ |
လိမ်လည်သောသက်သေသည် ပျက်စီးသွားလိမ့်မည်။ ကိုယ်တိုင်ကြားရသောသူမူကား အစဉ်ပြောဆိုနေလိမ့်မည်။
“ငါယုံကြည်သောကြောင့် ငါဟောပြော၏”ဟု ရေးထားသည့်အတိုင်း ထိုယုံကြည်ခြင်းနှင့်ဆိုင်သောဝိညာဉ်တော်ကို ငါတို့ရရှိကြသည်ဖြစ်၍ ငါတို့သည်လည်း ယုံကြည်သောကြောင့် ဟောပြောကြ၏။
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ထားသောအရာများအပေါ်စိတ်ချမှုရှိခြင်း၊ မမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟုမှတ်ယူခြင်းဖြစ်၏။
အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။