ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
ဆာလံ 109:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုကျေးဇူးပြုတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ Common Language Bible သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ Garrad Bible သို့ ရာ တွင်၊ အို ထာ ဝ ရ အ ရှင် ဘု ရား၊ နာ မ တော့် အ တွက် ကြောင့်၊ အ ကျွန်ုပ် အ မှု ကို ဆောင် လျက်၊ က ရု ဏာ တော် ကောင်း မြတ် သည့် အ လျောက်၊ ကယ် လွှတ် တော် မူ ပါ။ Judson Bible အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော်ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ |
ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဒုစရိုက်သည်ကြီးမားလှသောကြောင့် ကိုယ်တော်၏နာမတော်ကိုထောက်၍ ခွင့်လွှတ်တော်မူပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုပို့ဆောင်လျက် အကျွန်ုပ်ကိုလမ်းပြတော်မူ၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အသက်ထက်သာ၍ကောင်းမြတ်သောကြောင့် အကျွန်ုပ်၏နှုတ်ခမ်းသည် ကိုယ်တော်ကိုထောမနာပြုပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာသည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ဘက်သို့လှည့်တော်မူပါ။
အကျွန်ုပ်မူကား အဖိနှိပ်ခံရ၍ နာကျင်နေပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။