သူတို့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ တိုင်းပြည်တို့မှ ခေါ်ယူစုစည်းတော်မူ၏။
စု သိမ်း လာ သော သူ၊ ရွေး နုတ် တော် မူ သော သူ တို့ သည် ချီး မွမ်း ကြ စေ။
အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်မည့်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ကို တိုင်းနိုင်ငံတို့ထဲမှ ခေါ်ယူစုစည်းတော်မူပါ။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်ကိုရွေးနုတ်သောအရှင်ထာဝရဘုရားက “သင့်ကို ခေတ္တခဏသာ ငါစွန့်ပစ်၏။ ကြီးမားသောကရုဏာဖြင့် သင့်ကို ပြန်လည်စုစည်းမည်။
နှင်ထုတ်ခံရသောအစ္စရေးလူမျိုးတို့ကို စုစည်းတော်မူသော ဘုရားရှင်ထာဝရဘုရားက “စုစည်းပြီးသောသူတို့အပြင် အခြားသောသူတို့ကို အစ္စရေးလူမျိုးတို့ထံ၌ ငါထပ်၍စုစည်းမည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
ငါသည် ထိုသူတို့ကို မြောက်ဘက်အရပ်မှ ခေါ်ဆောင်လာမည်။ မြေကြီးစွန်းမှ ခေါ်ယူစုစည်းမည်။ သူတို့နှင့်အတူ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ ကိုယ်ဝန်ဆောင်သူ၊ မီးဖွားခါနီးသူပါသော လူအုပ်ကြီးသည် ဤအရပ်သို့ ပြန်လာကြလိမ့်မည်။
ငါသည် အမျက်တော်ကိုသွန်ချ၍ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်ဖြင့် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်၊ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ ပြန်လည်စုစည်းမည်။
‘ငါသည် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
လူမျိုးတကာတို့ထံမှ သူတို့ကို ပြန်ခေါ်လာမည်။ ရန်သူတို့နေရာမှ သူတို့ကို ပြန်လည်စုရုံးမည်။ သူတို့အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ငါသန့်ရှင်းကြောင်းကို ထင်ရှားပြမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး