ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
ဆာလံ 107:29 - မြန်မာ့စံမီသမ္မာကျမ်း မုန်တိုင်းကို အရှိန်ပြယ်ရပ်စဲစေတော်မူသဖြင့် လှိုင်းတံပိုးများသည် ငြိမ်သွားကြ၏။ Common Language Bible ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။ Garrad Bible ဆင်း ရဲ ဒု က္ခ ထဲ က ထုတ် ဆောင် လျက်၊ လှိုင်း တံ ပိုး ငြိမ်း ရ အောင် လေ ပြင်း ကို ရပ် စဲ စေ တော် မူ ပြီး လျှင်၊ ထို သို့ ငြိမ်း ခွင့် ကြောင့် ရွှင် လန်း သူ တို့ ကို၊ Judson Bible လေပြင်းကိုပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ |
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
သို့ဖြစ်၍ အဝေးဆုံးသောအရပ်တို့၌ နေထိုင်သောသူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာများကြောင့် ကြောက်ရွံ့ကြပါ၏။ ကိုယ်တော်သည် နံနက်မိုးသောက်ချိန်၊ နေဝင်ချိန်တို့၌ ရွှင်လန်းစွာသီချင်းသီဆိုသံကို ထွက်ပေါ်စေတော်မူပါ၏။
ကိုယ်တော်သည် လှိုင်းထန်သောပင်လယ်ကို အုပ်စိုးတော်မူ၏။ ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ၎င်းတို့ကို ငြိမ်စေတော်မူ၏။
ထို့နောက် ယောနကိုချီမ၍ ပင်လယ်ထဲသို့ပစ်ချကြလျှင် ပင်လယ်ပြင်မှ ပြင်းထန်သောလေမုန်တိုင်းကြီးလည်း ငြိမ်သက်သွားလေ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။