ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
မိုး ရေ အ စား၊ မိုး သီး နှင့် လောင် မီး ကို ပေး လျက်၊
မိုးရေအစား မိုးသီးကိုလည်းကောင်း၊ သူတို့မြေပေါ်မှာ မီးလျှံကိုလည်းကောင်း ပေးတော်မူ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။