ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
ဆာလံ 105:31 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။ Common Language Bible ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။ Garrad Bible အ မိန့် တော် ရှိ သော် ပြည် လုံး နှံ့ မှက် နှင့် မြေ လှေး ပေါ များ ၏။ Judson Bible အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။ |
ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။