ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
ဆာလံ 104:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့် လက်ဘနွန်ရှိသစ်ကတိုးပင်များသည် ရေဝကြ၏။ Common Language Bible ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။ Garrad Bible ထာ ဝ ရ ဘု ရား ၏ သစ် ပင် စိုက် ထား တော် မူ သော လေ ဗ နုန် သစ် က တိုး ပင် များ သည်၊ ရောင့် ရဲ လျက် ရှိ ကြ ၏။ Judson Bible ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ |
ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။