ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
ဂလာတိ 5:8 - မြန်မာ့စံမီသမ္မာကျမ်း ဤသွေးဆောင်မှုသည် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှလာသည်မဟုတ်။ Common Language Bible ထိုသွေးဆောင်မှုသည်သင်တို့အား ရွေးကောက် တော်မူသောဘုရားသခင်ထံတော်မှလာ သည်မဟုတ်။- Garrad Bible ယ ခု လိုက် နာ ခြင်း သည် သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင့် ထံ မှ မ ဟုတ်။ Judson Bible ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကို အမှီပြု၍ ယူသောအယူမဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သော သွေးဆောင်မှုသည် သင်တို့ကို ခေါ်တော်မူသော အရှင်ထံမှ လာသည်မဟုတ်။ |
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။
သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။