သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။
ဂလာတိ 5:23 - မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။ Common Language Bible နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။- Garrad Bible ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။ Judson Bible နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း စသည်တို့ဖြစ်၏။ ဤအရာများပြုမူခြင်းကို တားမြစ်သော ပညတ်တရားဟူ၍ မရှိပေ။ |
သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။
သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
ပြိုင်ပွဲဝင်သောသူတိုင်းသည် အရာရာ၌ မိမိကိုယ်ကိုချုပ်တည်းတတ်၏။ သူတို့သည် ယိုယွင်းပျက်စီးတတ်သော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ ငါတို့မူကား ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။
သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။
တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊
ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
အသက်ကြီးသောယောက်ျားတို့အား သမ္မာသတိရှိသောသူ၊ တည်ကြည်လေးနက်သောသူ၊ ဣန္ဒြေစောင့်သောသူဖြစ်ကြရန်နှင့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌ မှန်ကန်ပြည့်စုံမှုရှိကြရန် ဟောပြောလော့။