အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နက်နဲ​သော​အရာ​ကို ဟောပြော​သင့်​သည့်​အတိုင်း ရှင်းလင်း​ပြတ်သား​စွာ ငါ​ဟောပြော​နိုင်​ရန်​လည်း ဆုတောင်း​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​တ​ရား​တော်​ကို​ဟော​ပြော​အပ်​သည် နှင့်​အ​ညီ ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​ဟော ပြော​နိုင်​ရန်​ဆု​တောင်း​ကြ​လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်​ဟောပြော​သင့်သည့်​အတိုင်း ထို​လျှို့ဝှက်နက်နဲသော​တရားတော်​ကို ရှင်းလင်း​စွာ ဟောပြောနိုင်​ရန် ဆုတောင်းပေးကြလော့။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 4:4
10 ပူးပေါင်းရင်းမြစ်များ  

ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။


သို့သော် ပေတရု​နှင့်​တမန်တော်​တို့​က “လူ​တို့​၏​စကား​ကို နားထောင်​သည်​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏။


ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက်


ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။


အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။


လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။