ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
ကောလောသဲ 3:21 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်တို့၊ သင်တို့၏သားသမီးများစိတ်ဓာတ်မကျစေရန် သူတို့ကိုစိတ်နာကြည်းအောင်မလုပ်ကြနှင့်။ Common Language Bible ဖခင်ဖြစ်သူတို့၊ သားသမီးများကိုစိတ်ဆိုး အောင်မဆွနှင့်။ သို့ပြုပါလျှင်သူတို့သည်စိတ် အားလျော့ကြလိမ့်မည်။ Garrad Bible အ ဘ ဖြစ် သူ တို့၊ သား သ မီး စိတ် မ ပျက် စေ ခြင်း ငှာ မ ဆွ ကြ နှင့်။ Judson Bible အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖခင်တို့… သင်တို့၏ သားသမီးများစိတ်မပျက်စေရန် သူတို့ကို နာကြည်းအောင် မပြုကြနှင့်။ |
ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
အကြောင်းမူကား ဖခင်သည် နှစ်သက်သောသားကို ဆုံးမတတ်သကဲ့သို့ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်