ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ကောလောသဲ 3:1 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။ Common Language Bible သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။- Garrad Bible သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။ Judson Bible အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။ |
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။
ပညာရှိသောသူ၏စိတ်နှလုံးသည် သူ့ကိုလက်ယာဘက်သို့ တိမ်းညွတ်စေတတ်၏။ မိုက်မဲသောသူ၏စိတ်နှလုံးမူကား သူ့ကိုလက်ဝဲဘက်သို့တိမ်းညွတ်စေတတ်၏။
‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထားသည်မှာ မည်သို့နည်း။
ယေရှုက“သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ပိုးမွှားနှင့်သံချေးမဖျက်ဆီးတတ်၊ သူခိုးများလည်း မဖောက်ထွင်းမခိုးယူနိုင်ရာကောင်းကင်ဘုံ၌ သင်တို့အတွက်ဥစ္စာဘဏ္ဍာများကို သိုမှီးထားကြလော့။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
ယေရှုကလည်း“ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
သို့သော် ယခုမှစ၍ လူ့သားသည် ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် ကောင်းကင်ဘုံသို့တက်သွားခဲ့သည်မဟုတ်။ သို့သော် သူက ‘ထာဝရဘုရားသည် ငါ၏သခင်ဘုရားအား
သို့သော် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ စေ့စေ့ကြည့်လေရာ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း မြင်လျက်
မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။
သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။
ထို့ကြောင့် ငါတို့သည် မြင်ရသောအရာတို့ကို အာရုံမစိုက်ဘဲ မမြင်ရသောအရာတို့ကို အာရုံစိုက်ကြ၏။ အကြောင်းမူကား မြင်ရသောအရာတို့သည် ခဏသာတည်၍ မမြင်ရသောအရာတို့သည် ထာဝရတည်၏။
ကြွဆင်းတော်မူခဲ့သောအရှင်ကိုယ်တိုင်သည် အရာခပ်သိမ်းတို့ကို ပြည့်စုံစေရန် ကောင်းကင်အထပ်ထပ်တို့အပေါ်သို့ တက်သွားတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။)
သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့
မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။
ထို့ပြင် ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူခဲ့ဖူးသနည်း။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက်
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ငါတို့ပြောဆိုနေသော အကြောင်းအရာများ၏အဓိကအချက်ဟူမူကား ငါတို့၌ ဤသို့သောယဇ်ပုရောဟိတ်မင်းရှိသည်ဟူ၍ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုန်းတန်ခိုးရှင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်လျက်
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။