သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
ကောလောသဲ 2:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့သည် ထင်ရာမြင်ရာကိုးကွယ်ခြင်း၊ မိမိကိုယ်ကိုချိုးနှိမ်ခြင်းနှင့် ကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတို့ပါ၍ ဉာဏ်ပညာရှိဟန်ပေါ်သော်လည်း သွေးသားဇာတိ၏တပ်မက်မှုကို ချုပ်တည်းရာ၌ မည်သည့်အကျိုးမျှမပြုချေ။ Common Language Bible ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။ Garrad Bible ထို သို့ သော အ ချက် များ ကား အ လို အ လျောက် ကိုး ကွယ် ခြင်း၊ နှိမ့် ချ ခြင်း၊ ကိုယ် ကာ ယ ကို ချိုး ဖဲ့ ခြင်း များ ဖြင့် ပ ညာ လ က္ခ ဏာ ရှိ သော် လည်း ဇာ တိ သ ဘော ကို ချုပ် တည်း ရန် စွမ်း ရည် မ ရှိ။ Judson Bible ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစည်းမျဉ်းများတွင် ပြင်းပြသောကိုးကွယ်ဆည်းကပ်ခြင်း၊ မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတို့ပါဝင်သဖြင့် ပညာရှိသယောင် ထင်ရ၏။ သို့သော်လည်း ၎င်းတို့သည် လူတို့၏ သွေးသားစိတ်ဆန္ဒတပ်မက်မှုများကို ထိန်းချုပ်ရာတွင် အကျိုးမပြုပေ။ |
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
သူတို့သည် အိမ်ထောင်ပြုခြင်းကိုတားမြစ်ကြ၍ ယုံကြည်သူနှင့်သမ္မာတရားကိုသိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက်သုံးဆောင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသောအစားအစာများကို ရှောင်ကြဉ်စေကြလိမ့်မည်။
အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။