သို့ဖြစ်၍ နောဧသည် သား၊ မယား၊ ချွေးမတို့နှင့်အတူ ထွက်လာ၏။
ထို့ကြောင့်နောဧသည် သူ၏မယား၊ သားများ၊ ချွေးမများနှင့်အတူသင်္ဘောထဲမှထွက်လာ ၏။-
ထို အ ခါ နော ဧ မှ စ၍ မ ယား၊ သား၊ ချွေး မ တို့ နှင့် တ ကွ၊
ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
ဘုရားသခင်သည် လူမှစ၍ ယဉ်ပါးသောတိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များအပါအဝင် မြေပြင်ပေါ်ရှိသတ္တဝါအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၎င်းတို့သည် မြေကြီးပေါ်မှ ပျောက်ပျက်သွားလေ၏။ နောဧမှစ၍ သူနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကြွင်းကျန်ကြလေ၏။
သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။