နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်
ကမ္ဘာဦး 8:13 - မြန်မာ့စံမီသမ္မာကျမ်း နောဧအသက်ခြောက်ရာ့တစ်နှစ်ပြည့်သောနှစ်၊ ပထမလ၊ တစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေခန်းခြောက်လေ၏။ နောဧသည် သင်္ဘောအမိုးကိုဖယ်ရှား၍ ကြည့်ရှုသောအခါ မြေပြင်သည် ခြောက်လျက်ရှိသည်ကို မြင်လေ၏။ Common Language Bible နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။- Garrad Bible ခြောက် ရာ့ တစ် နှစ်၊ ပ ထ မ တစ် ရက် တွင် မြေ ကြီး ပေါ် မှ ရေ ခန်း ခြောက် သည် ရှိ သော် နော ဧ သည် သင်္ဘော အ မိုး ကို ပယ် လှန် ၍ ရှု ကြည့် သော အ ခါ မြေ မျက် နှာ ပြင် သွေ့ ခြောက် စ ရှိ သည် ကို မြင် လေ ၏။ Judson Bible အနှစ်ခြောက်ရာတစ်ခု ပထမလဆန်းတစ်ရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကိုပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။ |
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်